မႂ်ႇသုင်ၶႃႈ ႁူမ်ၸူမ်းတွၼ်ႈယူႇၶႃႈဢေႃႈ သင်မီးလွင်ႈယၢပ်ႇၽိုတ်ႇသင်ၵေႃႈ ၵပ်းသိုပ်ႇမႃးလႆႈတီႈ SainawLeangfa.Tai@gmail.com လႄႈ မၢႆၾူင်း 09428043762
Monday, March 18, 2013
ပꨯွးလိုꨓ် သီꨲမေꨣꨲ ဝꨱင်းသီꨲပေꨣꨵ "ဘော်ကြို တပေါင်းပွဲ"
ပွဲတော်အတွင်း သပ္ပါယ်လှစွာသော ဘော်ကြိုဘုရားကြီး၏ ညရှုခင်း
    ဘော်ကြိုဘုရားသည် ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့ ဘော်ကြိုကျေးရွာတွင် တည်ရှိသည်။ ဓမ္မာသောကမင်း လှူခဲ့ သော စေတီ ၈၄၀၀၀ တွင် တစ်ဆူအပါအ၀င်ဖြစ်သော မုဋ္ဌောစေတီ ဖြစ်သည်။ ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း ၁၀-ရက်နေ့မှ လပြည့်နေ့အထိ ကျင်းပမြဲ ဗုဒ္ဓပူဇနိယ ပွဲတော်ဖြစ်သည်။
 ဂန္ဓကုဋိ ကျောင်းတော်တွင်းရှိ ဘော်ကြိုမုဋ္ဌောစေတီတော်
           စေတီတော်၏ မုခ်လေးမုခ်တွင် သီတင်းသုံးတော်မူကြသော ဆင်းတုတော်များမှာ ပုဂံပြည့်ရှင် နရပတိစည်သူမင်း မြန်မာသက္ကရာဇ် (၅၃၆)ခုနှစ် ခရစ်သက္ကရာဇ် (၁၁၇၄)ခုနှစ်တွင် လှူခဲ့သော စကားဝါ သား ကိုးပိုင်းမှ အရင်းပိုင်းကို ထုလုပ်ပူဇော်သည့် ဆင်းတုတော် ၄-ဆူဖြစ်သည်။
ပွဲတော်ဖွင့်ပွဲအခမ်းအနားမြင်ကွင်း
          ပွဲတော်လာ ဧည့်သည်များ…. ယခင်က နွားလှည်းဖြင့်…. ယခုတော့ တရုပ်စက်နှင့် ပြည်တွင်းပစ္စည်း များ စုပေါင်းစပ်ပေါင်း ဆင်ထားသည့် ထော်လာဂျီများ လေးလုံးထိုးစက်တပ် ပြည်တွင်းဖြစ်ကားများ တရုပ်ပြည်မှ အလုံးအရင်းနှင့် စီးဆင်းလာသော ဆိုင်ကယ်များဖြင့် ပွဲတော်သို့ လာရောက်ဆင်နွှဲကြသည်။
          ရွှေဆိုင်းများကို ဘော်ကြိုဂေါပကအဖွဲ့ မှ ရောင်းချပေးသည်။ ဆင်းတုတော်များအား ရွှေသင်္ကန်း ကပ်လှူပူဇော်ကြသည်မှာ တမူးရလို့ တပဲလှူ ဒို့ရှမ်းတောင်သူ တူနှိုင်ရိုးလား ဆိုသည့်စကားနှင့်အညီ နှစ်ပေါင်း ၈၀၀-ကျော် သဒ္ဓါတရားထက်သန်စွာ လှူဒါန်းပူဇော်ကြသည့်အတွက် ဆင်းတုတော်များမှာ ယခုဖူးမြင်ရသည့်အတိုင်း ရွှေတုံးဆင်းတုတော်များ ဖြစ်နေပါပြီ။
          ဆွမ်းတော် ရေတော် ပန်းတော်များကို မုခ်ဦးတွင် ပြင်ဆင်ရောင်းချပေးသဖြင့် အဆင်သင့်ဝယ်ယူ၍ ကပ်လှူပူဇော်နိုင်ကြပါသည်။ ပွဲတော်အတွင်း ဆွမ်း ပန်း ရေချမ်း ကပ်လှူပူဇော်သူများနှင့် စည်ကားလျက်ရှိ ပါသည်။
ပွဲဈေးတန်း။ မြက်ဦးထုတ်ဝယ်လို့ရသည်။
           မိုင်းကိုင်မြို့နယ်ဖက်မှ လာရောက်ရောင်းချသော စဥ့်ထည် မြေထည်များ ချေးတွန်းကျောက်မကျန် ၀ယ်ယူရရှိနိုင်သည်။
ရှမ်းမရွေးမုန့် စားချင်သလား မြည်းကြည့်နိုင်သည်။
          စတီးဇလုံထဲက ပုဇွန်ချဉ်ပါ။ ၀ါးချမ်းထဲက ငါးချဉ်။ ဘူးတွေ ပလတ်စတစ်ဇလုံတွေထဲက  ငရုပ်သီးကျော်ရယ် ဂျူးမြစ်ရယ် ကြက်သွန်ကျော်ရယ်၊ ပုဇွန်ချဉ် ငါးချဉ်တွေနဲ့ လိုက်ဖက်တဲ့ အစာတွေပါ။
          ရှမ်းမရွေးမုန့်နဲ့ ငှက်ပျောသီးချောက်ပါ။ ငှက်ပျောသီးချောက်ကတော့ ဘယ်မှာမှ မရှိတဲ့ အစားအစာထင်ပါတယ်။ ရခိုင်ငှက်ပျောသီးကို ထက်ချမ်းခွဲပြီး နေလှမ်းထားတာပါ။
          ခဲတန်ချောင်းလို့လည်းခေါ်ကြသည်။ ကောက်ညှင်းဆန်ကို ကြိတ်ပြီး ကြံသကာနှင့်ရောကာ ၀ါးထဲတွင်ထည့်၍ မီးဖုတ်သည်။ ပေါင်းတင်းဝါး (ကောက်ညှင်းကျည်ထောက်) နှင့်ပုံစံတူသည်။ အရသာမှာ တရုပ်တီကွေးနှင့်တူသည်။ ရှမ်းအခေါ် ခေါက်မွန်းလမ် (ခ၀်;မုခေ်းလာမ်)။
မုန့်ပဲသရေစာ ဆိုင်တန်းတွင် အဆာပြေ၀ယ်စားနေကြသော ပလောင်တိုင်းရင်းသူများ။
      တော်သေးတယ် လူဒီလောက်စည်တာ ဘုရားစောင့် ဘီလူးကြီးကနေရာပေးလို့။ သန့်ရှင်းအောင်တော့ တံမြက်စည်းလှဲလိုက်ကြရအောင်။
            ဘုရား၏ ရေကန်တော်အတွင်းမှ အသစ်တည်ဆောက် ပူဇော်ထားသော နဂါးရုံဘုရားနှင့် ပွဲတော် ၏ ညဥ့်ရှုခင်း။
          ဤကဲ့သို့ စည်ကားသိုက်မြိုက်စွာ နှစ်စဉ်ကျင်းပလျက်ရှိသော သီပေါ ဘော်ကြို ဘုရားပွဲတော်ကို လာရောက်လည်ပတ် ဖူးမျှော်နိုင်ကြပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။
ꨟူမ်ꨅူမ်းတွꨓ်ꨳ ပီꨳꨓွင်ꨵတီꨳꨀꨯ ꨅမ် တေမꨣးꨁဝ်ꨳ ပွꨯးလိုꨓ်သီꨲ ꨀꨤင်ꨵမေꨣꨲ လိုꨓ်သီꨲမ်ꨮꨲ သိပ်းꨁမ်ꨳꨓꨯ ပꨱꨓ်ဝꨓ်းတေꨲꨅꨣꨵ ယဝ်ꨵꨁꨣꨳေꨡꨣꨳ မꨣးꨡဝ် ꨀꨓ် ꨁဝ်လေꨲ တူꨉ်းသေꨀမ်းꨃꨣꨳ ꨷꨷
မ်ꨮꨲသုင်ꨁꨣꨳ ပေꨣးꨁ်ꨮꨳယူꨲတီꨳ Facebook တꨰမ်ꨳလိꨀ်ꨳꨀꨮꨣꨲꨅိုင် ꨓꨰꨀ်း Add a commen ꨓꨯꨳသေ တꨰမ်ꨳလꨯꨳꨓင်ꨲꨓ်ꨮးꨀꨤင်ꨅ်ꨮꨁꨣꨳေꨡꨣꨳ ♥ ♥ ဒီနေရာ မှာ Add a commentနှိပ်ပြီး comment ပေးသွား နိုင် ပါသည် လာလည်ရောက်တဲ.တွက် ကျေးဇူးတင်ပါတယ် ခ♥
My Blogger TricksAll Blogger TricksTechtunes